ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ (၁၈-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ (၁၈-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား(၁,၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၉) ဦး တို့ ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့်  ရခိုင်ပြည်နယ်ရှိ မြို့နယ် ပြည်သူ့ ဆေးရုံ/တိုက်နယ် ဆေးရုံများတွင် ပြင်ပလူနာ(၃၉,၆၇၀)ဦး၊ ဆေးရုံတက်လူနာ (၂၆,၆၅၃)ဦးနှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁,၃၀၀) ကျော် တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု( ၁၈,၆၉၆)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၂၀၂,၁၂၄)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၇,၈၄၂) လုံး၊ ရေတွင်း ရေကန်သန့်စင်ခြင်း (၆,၇၂၅) ကန်၊ ကျန်းမာရေးအသိပညာပေးခြင်း (၂၀,၈၃၃)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု (၁၂၉,၃၈၀) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။

 

သောက်သုံးရေဖြန့်ဝေထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၄)စီး၊ Mobile Solar စနစ် (၂၀)စုံ၊ ရေသန့်စင်ပုံးLife-Straw (၄၁၀) ပုံးတို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၈,၉၅၈) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေ ပေးဝေခဲ့သည့်ဂါလံမှာ (၁,၅၂၉,၄၈၉)ဂါလံ ရှိပါသည်။

 

ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၀၃,၃၂၁) ပင်၊ သင်္ဘောတင်ပြီး (၆၄,၅၈၁) ပင်နှင့် သင်္ဘောတင်ရန် ကျန်ရှိ (၈,၅၀၀) ပင်ကို ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပေးနိုင်ခဲ့ပါသည်။

 

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များအနက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊  ကော်မတီဖွဲ့စည်းခြင်းတို့ကို ကျေးရွာ (၉၅) ရွာတွင် ဆောင်ရွက်လျက်ရှိပြီး  ရန်ပုံငွေကျပ် (၁,၅၁၅) သန်းဖြင့် ကျေးရွာ (၁၀၁) ရွာတွင် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်၍ စုစုပေါင်းကျေးရွာ (၈) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ရွှေလှေ၊ ကုန်းဘောင်နှင့် သာယာကုန်း(ကမန်) ကျေးရွာတို့တွင် ရန်ပုံငွေ လွှဲပြောင်းပြီးဖြစ်ပါသည်။

 

မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ (၁၀) ရွာတွင် စီမံကိန်းလုပ်ငန်းစဉ် များကို ဆောင်ရွက်လျက်ရှိပြီး၊ ဒေါ်ပွေးခုံကျေးရွာ၊ ပျားလည်းချောင်း (ရွာဟောင်း) ကျေးရွာနှင့် မြန်မာဘုတ်ချောင်းကျေးရွာတို့ရှိ အိမ်ထောင်စု (၁၈၆) စုအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းတို့အတွက် အရင်းအနှီးအဖြစ် ငွေကျပ် (၆၈.၉) သန်းကို ထုတ်ချေးခဲ့ပါသည်။ ကျန် (၇) ရွာ၌ ချေးငွေ လျှောက်လွှာများ ခေါ်ယူပြီးစီးပြီဖြစ်ပါသည်။

 

ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် ကုလားပုန်းကျွန်းတာ၊ ငမန်းရဲကျွန်းတာ အပိုင်း (၁) နှင့် အပိုင်း (၂)၊ ခြံပြင်တာ၊ တန်းခိုးရေငန်တားတာ၊ ကျီးကျွန်းရေငန်တားတာနှင့် ဝါဘိုလယ်သမားတာ ပြုပြင်ခြင်းလုပ်ငန်းများကို (၁၀၀%) ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။

 

လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး အသုံးပြုနိုင်ပြီးဖြစ် ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံးအနေဖြင့် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီဖြစ်ပါသည်။

 

မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့်  စိုက်ပျိုးမြေဧက (၁၁,၅၃၉) ဧကကို ထွန်ယက်စိုက်ပျိုး နိုင်ခဲ့ပါသည်။

 

တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့်  ကျွဲ/နွား အကောင်ရေ (၈,၅၂၄) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) ကောင်တို့ကို ထိုးနှံပေးနိုင်ခဲ့ပါသည်။

 

မျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (၅၄၉,၂၂၁) (၅၄.၈၁%)၊ ပျိုး ထောင်ပြီး ဧက (၂၄၉,၂၀၂)၊ စိုက်ပျိုးပြီးဧက (၃၂၀,၇၉၁)(၃၂.၀၁%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၄၃,၁၉၁) အိတ် ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါသည်။

 

မြေသားရေကန်ပြုပြင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၃၃) ကန်ကို ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသည်။

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍ အတွက် ၈၇%နှင့် ပညာရေးကဏ္ဍအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၃ % ၊ အဆင့်မြင့် ပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၆ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ(၄,၆၀၆)လုံး၊ သွပ် (၆၄၁,၇၂၈)ချပ်၊ သွပ်သံ (၆၄.၀၆၀)တန်၊ အိမ်ရိုက်သံ (၇၆.၉၆၆)တန်၊ ခေါက်ဆွဲ ခြောက် (၃၄၈,၀၅၃)ထုပ်/(၅၀၉)ကီလို/(၃,၆၃၁)ဖာ၊ ဆန် (၁၄၅,၄၃၃)အိတ်၊(၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၃,၀၈၇.၇၅၄၈)တန် စစ်တွေမြို့သို့ရောက်ရှိပြီးဖြစ်ကာ သင်္ဘောတင်ပြီး (၄၇၈.၅၀၇) တန်နှင့် ပို့ရန်အသင့်ရှိ (၃၇)တန် ပြင်ဆင်ထားပြီး ချင်းပြည်နယ်သို့ ဆန် (၁,၁၂၀)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။

Sign Up

Upcoming Events