ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၅-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင် ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ Y-8(5821) ဖြင့် (၅၅၅၀) ကီလိုဂရမ် တင်ပို့မှုများ ဆောင်ရွက်ခဲ့ပါသည်။
ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် တပ်မတော်သား အင်အား (၅၆၆) ဦး၊ ရဲတပ်ဖွဲ့ဝင် အင်အား(၁,၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၉)ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံများတွင် ပြင်ပလူနာ(၃၈,၁၂၇)ဦး၊ ဆေးရုံတက် လူနာ (၂၅,၄၈၇)ဦးနှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁,၃၀၀)ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု(၁၈,၀၇၂)ဦး၊ အခြား ကျန်းမာရေးစောင့်ရှောက်မှု (၁၉၄,၂၅၅)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၇,၆၄၈) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၆,၇၁၀) ကန်၊ ကျန်းမာရေးအသိပညာပေးခြင်း (၂၀,၀၁၆)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၁၂၂,၅၇၁) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၄)စီး၊ Mobile Solar စနစ် (၂၀)စုံ၊ ရေသန့်စင်ပုံးLife-Straw (၄၁၀) ပုံးတို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၇,၈၉၈) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေ ပေးဝေခဲ့သည့်ဂါလံမှာ (၁,၄၇၄,၃၃၉)ဂါလံ ရှိပါသည်။
ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၀၃,၃၂၁) ပင်၊ သင်္ဘောတင်ပြီး (၄၈,၁၂၆) ပင်နှင့် သင်္ဘောတင်ရန် ကျန်ရှိ (၂၄,၉၅၅) ပင်ကို ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အုန်းပျိုးပင် (၅၈.၁၀) ဧက ကို စိုက်ပျိုးပေးနိုင်ခဲ့ပါသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းတို့ကို ကျေးရွာ (၉၃) ရွာတွင် ဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေကျပ် (၁,၅၁၅) သန်းဖြင့် ကျေးရွာ (၁၀၁) ရွာတွင် ဖွံ့ဖြိုး တိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်၍ စုစုပေါင်းကျေးရွာ (၈) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး၊ ရွှေလှေ၊ ကုန်ဘောင်နှင့် သာယာကုန်း(ကမန်) ကျေးရွာတို့တွင် ရန်ပုံငွေ လွှဲပြောင်းပြီးဖြစ်ပါသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ (၁၀) ရွာတွင် စီမံကိန်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး၊ သံတွဲ၊ ဒေါ်ပွေးခုံကျေးရွာရှိ အိမ်ထောင်စု (၅၂) စုအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းတို့အတွက် အရင်းအနှီးအဖြစ် ငွေကျပ် (၁၉.၈) သန်းကို ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။
ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် ကုလားပုန်းကျွန်းတာ၊ ငမန်းရဲကျွန်းတာ အပိုင်း (၁) နှင့် အပိုင်း (၂)၊ ခြံပြင်တာ၊ တန်းခိုး ရေငန်တားတာ၊ ကျီးကျွန်းရေငန်တားတာနှင့် ဝါဘိုလယ်သမားတာ ပြုပြင်ခြင်းလုပ်ငန်းများကို (၁၀၀%) ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး အသုံးပြုနိုင်ပြီးဖြစ် ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံးအနေဖြင့် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီဖြစ်ပါသည်။
မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့် စိုက်ပျိုးမြေဧက (၁၀,၂၅၈) ဧကကို ထွန်ယက်စိုက်ပျိုး နိုင်ခဲ့ပါသည်။
တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျွဲ/နွား အကောင်ရေ (၈,၄၀၄) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) ကောင်တို့ကို ထိုးနှံပေးနိုင်ခဲ့ပါသည်။
မျိုးစပါးစိုက်ပျိုးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (၄၈၅,၀၀၇)(၄၈.၄၀%)၊ ပျိုးထောင်ပြီး ဧက (၂၁၂,၂၅၈)၊ စိုက်ပျိုးပြီးဧက (၂၄၂,၄၇၆)(၂၄.၂၀%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၄၂,၀၄၄)အိတ် ဖြန့်ဖြူးခဲ့ပြီး ဖြစ်ပါသည်။
မြေသားရေကန်ပြုပြင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၃၃) ကန်ကို ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသည်။
မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍ အတွက် ၈၂% နှင့် ပညာရေးကဏ္ဍအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၂ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၆ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ(၄,၆၀၆)လုံး၊ သွပ် (၆၄၁,၀၇၈)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲ ခြောက် (၃၄၈,၀၅၃)ထုပ်/(၅၀၉)ကီလို/(၃,၆၃၁)ဖာ၊ ဆန် (၁၂၇,၂၅၃)အိတ်၊(၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၃,၀၈၇.၇,၅၄၈)တန် စစ်တွေမြို့သို့ရောက်ရှိပြီးဖြစ်ကာ သင်္ဘောတင်ပြီး (၄၇၈.၅၀၇) တန်နှင့် ပို့ရန်အသင့်ရှိ (၂၈)တန် ပြင်ဆင်ထားပြီး ချင်းပြည်နယ်သို့ ဆန် (၁,၁၂၀)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။