ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၃-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၃-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ကယ်ဆယ်ရှင်းလင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား(၂,၁၈၃)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၉)ဦးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

မျိုးစပါးစိုက်ပျိုးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (၄၃၉,၅၇၂)(၄၃.၈၇%)၊ ပျိုးထောင်ပြီး (၁၄၅,၉၇၆)၊ စိုက်ပျိုးပြီး (၂၁၂,၄၁၁)(၂၁.၂၀%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၄၁,၅၁၈)အိတ် ဖြန့်ဖြူး ခဲ့ပြီးဖြစ်ပါသည်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍ အတွက် ၈၀% နှင့် ပညာရေးကဏ္ဍအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၁ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၅ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး အသုံးပြု နိုင်ပြီးဖြစ်ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံးအနေဖြင့် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီဖြစ်ပါ သည်။

ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့်  စစ်တွေမြို့သို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၅၁,၁၇၆) ပင်၊ သယ်ဆောင်ဆဲ (၅၂,၁၄၅) ပင်၊ သင်္ဘောတင်ပြီး (၄၈,၁၂၅) ပင် နှင့် သင်္ဘောတင်ရန် ကျန်ရှိ (၂၄,၉၅၆) ပင် ထောက်ပံ့ရန် စီစဉ်လျက် ရှိပါသည်။

မြေသားရေကန်ပြုပြင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၃၃) ကန်ကို ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသည်။

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊ Mobile Solar စနစ် (၂၀)စုံ၊ ရေသန့်စင်ပုံးLife-Straw (၄၁၀) ပုံးတို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၇,၂၇၀) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေ ပေးဝေခဲ့သည့်ဂါလံမှာ (၁,၄၃၈,၅၈၁)ဂါလံ ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် တပ်မတော်မှ အထူးဆေးအဖွဲ့ (၂)ဖွဲ့၊  ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ(၃၆,၉၄၈)ဦး၊ ဆေးရုံတက် လူနာ (၂၄,၇၆၅)ဦးနှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁,၃၀၀)ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက် ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု(၁၇,၆၄၂)ဦး၊ အခြား ကျန်းမာရေးစောင့်ရှောက်မှု (၁၈၇,၇၈၈)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၇,၃၈၇) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၆,၇၀၀) ကန်၊ ကျန်းမာရေးအသိပညာပေးခြင်း (၁၉,၃၉၇)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၁၁၁,၁၄၂) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။

ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့  Y-8 (5821) လေယာဉ်ဖြင့် (၆,၂၄၇) ကီလိုဂရမ် ပို့ဆောင်ခဲ့ပါသည်။

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ(၄,၆၀၆)လုံး၊ သွပ် (၆၄၁,၀၇၈)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲ ခြောက် (၃၄၈,၀၅၃)ထုပ်/(၅၀၉)ကီလို/(၃,၆၃၁)ဖာ၊ ဆန် (၁၁၈,၀၅၃)အိတ်၊(၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၂,၉၈၉.၅၅၃)တန် စစ်တွေမြို့သို့ရောက်ရှိပြီးဖြစ်ကာ သင်္ဘောတင်ပြီး (၄၇၈.၅၀၇) တန်နှင့် ပို့ရန်အသင့်ရှိ (၈)တန် ပြင်ဆင်ထားပြီး ချင်းပြည်နယ်သို့ ဆန် (၁,၁၂၀)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။

ဘေးဒဏ်ခံစားရမှုအခြေအနေမှာ သေဆုံးသူ (၁၄၈) ဦးနှင့် ဒဏ်ရာရရှိသူ (၁၃၂) ဦးရှိပါသည်။

ထိခိုက်ပျက်စီးမှုအခြေအနေမှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ဘေးသင့်လူဦးရေ (၂,၈၇၈,၇၉၃)ဦး၊ နေအိမ် ပျက်စီးမှု (၂၇၁,၃၃၅) လုံး၊ စာသင်ကျောင်းပျက်စီးမှု(၁,၆၂၇)လုံး၊ ဘာသာရေးအဆောက်အဦပျက်စီးမှု (၃,၅၄၀) လုံး၊ ဆေးရုံ/ဆေးခန်းပျက်စီးမှု (၅၀၉) ခု၊ တာဝါတိုင် (၂၈) တိုင်၊ ဓာတ်တိုင် (၇,၂၄၇) တိုင်နှင့် တိရစ္ဆာန်သေဆုံးမှု (၁၇၇,၉၂၃) ကောင် ရှိခဲ့ပါသည်။

 

 

 

 

 

 

 

 

Sign Up

Upcoming Events