ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၂-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- ကယ်ဆယ်ရှင်းလင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား(၂၁၈၃)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၉)ဦးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
- ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊Mobile Solar စနစ် (၂၀)စုံတို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၆၄၁၅) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁၄၂၁၃၁၁)ဂါလံ ရှိပါသည်။
- ရေသန့်စင်ပုံးLife-Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁၀)ပုံး ဖြန့်ဝေပေးခဲ့ပါသည်။
- ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေး လွှမ်းခြုံနိုင်မှု ၉၉.၆၈% ရှိပါသည်။
- မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၇၉% နှင့် ပညာရေးကဏ္ဍအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၁ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၄ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
- မျိုးစပါးထောက်ပံ့မှုအနေဖြင့် လျာထား(၇၃၃၉၇)တင်း (၁၄၆၈)တန် ရောက်ရှိပြီး (၅၉၃၉၇)တင်းနှင့် တင်ပို့ဆဲ (၁၄၀၀၀)တင်း ထောက်ပံ့ရန် စီစဉ်လျက်ရှိပါသည်။
- မျိုးစပါးစိုက်ပျိုးမှုအနေဖြင့် လျာထားစိုက်ဧက (၁၀၀၂၀၀၄)၊ မြေပြင်ပြီးဧက (၃၉၀၁၃၀)(၃၈.၉၃ %)၊ ပျိုးထောင်ပြီး (၁၂၀၆၉၄)၊ စိုက်ပျိုးပြီး (၁၈၃၀၅၉)(၁၈.၂၇%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၃၉၉၇၃)အိတ် စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ပါသည်။
- ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့(၂)ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
- ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ(၃၅၆၀၅)ဦး၊ ဆေးရုံတက်လူနာ (၂၃၉၅၂)ဦးနှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁၂၀၀)ကျော်ရှိခဲ့ပါသည်။
- ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု(၁၇၀၇၂)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၁၈၁၄၅၃)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၇၁၀၉) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၆၆၈၂)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၁၈၈၁၄)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၉၆၅၉၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။
- ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃၅၃၀)လိပ်/(၁၂၅၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ(၄၆၀၆)လုံး၊ သွပ် (၆၄၁၀၇၈)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၅၃)ထုပ်/(၅၀၉)ကီလို/(၃၆၃၁)ဖာ၊ ဆန် (၁၁၈၀၅၃)အိတ်/(၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂၀၆၀)ပေနှင့် ချင်းပြည်နယ်တွင် ဆန် (၁၁၂၀)အိတ်နှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၂၉၈၉.၅၅၃)တန် စစ်တွေမြို့သို့ရောက်ရှိပြီး ပို့ရန်အသင့်ရှိ (၂၃၃)တန် ပြင်ဆင်ထားရှိပါသည်။
- လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင်လျှပ်စစ်မီးရရှိမှုအခြေအနေဖြင့် (၁၀၀%)နှင့် မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် မအီနှင့် မြောက်ဦးမြို့နယ်တို့တွင် လျှပ်စစ်မီးရရှိမှုအနေဖြင့် (၁၀၀%) ပြန်လည်အသုံးပြုနိုင်လျက်ရှိပါသည်။
- ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့်ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မြစ်ကြီးနား (စစ်ရေယာဉ်) ဖြင့် (၄၅၉.၂၁၉)တန် တင်ပို့လျက်ရှိပါသည်။
- ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့် သေဆုံးသူ၁၄၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၂ ဦးရှိပါသည်။
- ထိခိုက်ပျက်စီးမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ဘေးသင့်လူဦးရေ (၂၈၇၈၇၉၃)ဦး၊ နေအိမ်ပျက်စီးမှု (၂၇၁၃၃၅) လုံး၊ စာသင်ကျောင်းပျက်စီးမှု(၁၆၂၇)လုံး၊ ဘာသာရေးအဆောက်အဦပျက်စီးမှု (၃၅၄၀) လုံး၊ ဆေးရုံ/ဆေးခန်းပျက်စီးမှု (၅၀၉) ခု၊ တာဝါတိုင် (၂၈) တိုင်၊ ဓာတ်တိုင် (၇၂၄၇) တိုင်နှင့် တိရစ္ဆာန်သေဆုံးမှု (၇၇၉၂၃) ကောင် ရှိခဲ့ပါသည်။