လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၃)ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပေါင်မြို့နယ်၊ အ.ထ.က(ကျွဲခြံ) စာသင် ကျောင်း၌ ကျောင်းသား/သူ အင်အား (၁၀၀) ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ ဗီနိုင်ပိုစတာပေးအပ်ခြင်း၊ အအေးနှင့်မုန့်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_jun_2023
Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)