လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၃) ရက်နေ့ (၀၉း၃၀) အချိန်မှ (၁၁း၀၀) အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က (ကျည်တောင်ကန်)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၂၀၀) ဦး၊ (၁၃း၀၀) အချိန်မှ (၁၄း၃၀) အချိန်ထိ အ လ. က (ရတနာဒီပ)စာသင်ကျောင်းတွင် ကျောင်းသား/ သူ (၁၀၀) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၃၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_jun2023
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)