အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ထားဝယ်မြို့၌ ငလျင်‌ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခြင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်‌ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား‌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများပါဝင်‌သော အင်အား (၃၀၀) ဦးခန့်ဖြင့်ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_ar

#dawei_june_2023

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events