လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၆-၂၀၂၃)ရက်နေ့တွင် ကသာခရိုင်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် (၁)အိမ်ထောင်လျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၆၈၀၀ိ/-)၊ အား (၂၀-၆-၂၀၂၃)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_jun_2023
Source:
ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events