ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့တို့ ပူးပေါင်းပြီး (၁၆-၆-၂၀၂၃)ရက်နေ့၊ (၀၈းဝဝ)အချိန်မှ(၁၀း၀၀)နာရီအချိန်အထိ မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာ၌ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ပြည်သူလူထု (၁၅၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#Simex_fld

#mon_jun2023

Sign Up

Upcoming Events