လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ အ.ထ.က(မလိဝမ်း)ကျောင်း၌ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခြင်း၊ Video Animation များပြသခြင်း၊ လက်တွေ့ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_jun_2023
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)