လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၆-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ အလင်းရောင်ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခြင်း၊ Video Animation များပြသခြင်း၊ လက်တွေ့ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_jun2023