လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမ၌ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများသိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်းနှင့် မုန်တိုင်ဘေး၊ လေပြင်းဘေးတို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံး ကျေးရွာအုပ်စု၊ မရမ်းကျေးရွာအုပ်စု၊ တော်ခရမ်းလေးကျေးရွာအုပ်စုနှင့် တော်ခရမ်းအနောက်ကျေးရွာ အုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြောင်းရွေ့နေထိုင်သူ အိမ်ထောင်စု (၃၂၃) စု၊ လူဦးရေ (၈၀၈)ဦး၊ ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅)လုံး ၊ စုစုပေါင်း နေအိမ်(၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၅၁၅,၀၀ဝ/ )၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၇၆၆,၁၀ဝ/ )၊ စုစုပေါင်းထောက်ပံငွေ (၂,၂၈၁,၁၀ဝ/-)ကျပ်နှင့်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃)စုစာ၊ ပစ္စည်းတန်ဖိုး(၁၃၉,၀၉၂/)နှင့် ကိုဗစ်တီရှပ် (၆) ထည်တို့အား (၁၉-၅-၂၀၂၃)ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ha_sgw
#ygn_may2023