တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စုနှင့် ကျွန်းက လေးကျေးရွာအုပ်စုတို့မှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စုနှင့် ကျွန်းကလေးကျေးရွာအုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံး၊ စုစုပေါင်း နေအိမ် (၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ (၃၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၃၀,၀၀ဝ/)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၆၀ဝ/ )၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀၅,၆၀ဝ/ )၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၄) စုစာ၊ ပစ္စည်းတန်ဖိုး (၁၈၅,၄၅၆)နှင့် ကိုဗစ်တီရှပ် (၄) ထည်တို့အား   (၁၉-၅-၂၀၂၃) ရက်နေ့၊ (၁၀း၃၀)အချိန်တွင် ပြည်သူများ၏      လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ygn_may2023

Sign Up

Upcoming Events