လေဘေးအတွက်‌ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၂)ရက်နေ့ (၂၀း၃၀) အချိန်၌ အုတ်ဖိုမြို့နယ်၊ အေးမြသာယာ ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေး ကြောင့် ​ပြိုကျပျက်စီးလူနေအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု (၂)စုရှိလူဦးရေ (၆)ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၂၆၀ဝ/-)ကျပ်၊  စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂၆၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)အိမ်ထောင်စု စာနှင့်စက္ကူ ကတ်ထူပုံး (၂) ပုံးတို့အား (၄-၅-၂၀၂၂) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေး ဖြစ်ပွားရာ အေးမြသာယာကျေးရွာအုပ်စု၊ အေမြသာယာအုပ်ချုပ် ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_may_2022

Source:  မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events