လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တယ်ဘိုပင်ကျေးရွာ၌ (၁၁-၄-၂၀၂၂)ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇,၆၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၇,၅၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၉၂,၆၀ဝ/-)ကျပ်အား (၂၆-၄-၂၀၂၂)ရက်နေ့ (၁၃း၃၀)နာရီအချိန် တွင် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက် ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_apr2022

Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events