လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၈-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၅,၀၀ဝ/-)၊ အိမ်ထောင်စု (၉)စုမှ လူဦးရေ (၄၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၀,၃၀ဝ/-)ကျပ်နှင့် surgical mask (၈၆)ခု၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၅,၃၀၀/-) ကျပ်တို့အား (၂၆-၄-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_apr2022
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)