လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၂) ရက်နေ့၌   ပန်းတနော်မြို့နယ်၊ ​ဓနော်ကျေးရွာအုပ်စုနှင့် ဘုရားချောင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုကျနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ်(၈)လုံး၊  အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ(၁) ပုံးနှင့် Surgical Mask (၇၆)ခု၊ ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၈)လုံးအတွက်(၄၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၇၉,၈၀၀) ကျပ်၊ စုစုပေါင်းတန်းဖိုးငွေ (၅၇,၉၈၀၀) ကျပ်အား ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဒုတိယမြို့နယ်အုပ်ချုပ်ေရးမှူးနှင့်အတူ ကျေးရွာမှ တာဝန်ရှိသူများရှေ့မှောက်၌ (၂၅-၄-၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_apr2022

Sign Up

Upcoming Events