မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၂) ရက်နေ့ (၁၉:၁၀) ချိန်တွင် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ ဒေါနလမ်း၊ အိမ်အမှတ်(၂၁၆)နေအိမ်၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲပြီး ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု​ဖြစ်ပွားခဲ့ရာ သွပ်မိုး/ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၁၉-၄-၂၀၂၂) ရက်နေ့၌  ဘေးသင့်ပြည်သူအတွက် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#Shn_apr2022

Sign Up

Upcoming Events