မုန်တိုင်းဘေးထောက်ပံ့မှု၊ ဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများ စိုက်ထူပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၂) ရက်နေ့တွင် ပုသိမ် ခရိုင်၊ ငပုတောမြို့နယ်၊ ပန်းမှော်ကျေးရွာအုပ်စု၊ နကုန်းကျေးရွာ အုပ်စုရှိ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ (၁၁)လုံးနှင့် စပါးကြီးအုပ်စု၊ ပဒဲကောကျေးရွာရှိ အမိုးလန်ပျက်စီးဘုန်းတော်ကြီး ကျောင်း(၁) ကျောင်းတို့အတွက် စုစုပေါင်း အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၂၀၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ စုစုပေါင်း (၃၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇၃၅၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ၊ စုစုပေါင်းထောက်ပံ့ (၈၉၃၅၀ဝ/-)ကျပ်တိတိအားလည်းကောင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ရေကျော်အောက်ကျေးရွာအုပ်စု၊ သက္ကယ်သောင်ကျေးရွာအုပ်စု၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ ဒီးဒူးကုန်း ကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကျောက်ချောင်းအုပ်စုရှိ ပြိုကျပျက်စီးအိမ်ခြေပြိုကျ ပျက်စီးအိမ်ခြေ (၉)လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ (၃၅)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် စုစုပေါင်း အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆၄၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေစုစုပေါင်း (၁၆၆) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၄၈၆၀ဝ/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၈၈၆၀ဝ/-)ကျပ်တိတိအားလည်းကောင်း၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ အုပ်စုရှိ ပြိုကျပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၂၆၀ဝ/-)ကျပ် တိတိအား လည်းကောင်း၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ကျောက်ဖျာ ကျေးရွာရှိ အမိုးလန်ပျက်စီးနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၉၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅၆)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၁၇၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၆၇၆၀ဝ/-)ကျပ်တိတိအားလည်းကောင်း ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး ငွေဆောင်မြို့နှင့် ကျောက်ဖျာ ကျေးရွာတို့ရှိ လူစည်ကားရာနေရာများ၌ မုန်တိုင်းဘေးနှင့် ဆူနာမီ ဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် အသိ ပညာပေး ဗီနိုင်းစိုက်ထူခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_str#ar
#ayy_mar_2022

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events