မုန်တိုင်းဘေးထောက်ပံ့မှုနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင် ဝေငှခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ (၂၂.၃.၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားသော မုန်တိုင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စု (၁၇၃) စုမှ လူဦးရေ (၆၉၃)ဦးအတွက် Surgical mask (၁၃၈၆)ခု၊ ဆန်ရက္ခာဘိုး (၁၄၅၅၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၇၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၂၁၁၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၃၅၆၅၃၀၀/-) ကျပ်အား (၂၇.၃.၂၀၂၂)ရက်နေ့တွင်  လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွေးနဒီခန်းမ)၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး တို့နှင့် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခြင်းနှင့် မုန်တိုင်း ဘေး လက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_str
#ayy_mar_2022

Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events