မီးဘေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မရမ်းစု၊ ကြည်စေတနာလမ်းတွင် (၂၈-၃-၂၀၂၂) ရက်နေ့ (၀၉း၀၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၆)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၃၀) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်အိမ်ခြေ (၆)လုံးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၃၀၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး (၆) အိမ်ထောင်စုစာနှင့် ကိုဗစ် – ၁၉ ကြိုတင် ကာကွယ်ဖို့ အိမ်ထောင်စု (၆)စုအတွက် ဆပ်ပြာ (၆)တောင်၊ လူဦးရေ (၃၀)ဦးအတွက် mask (၆၀)ခုတို့အား (၂၈-၃-၂၀၂၂) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#ygn_mar_2022

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events