မီးဘေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာငုရွှေဝါလမ်းတွင် (၂၀-၃-၂၀၂၂)ရက်နေ့၊ (၁၉း၄၀)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၅)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၈)အိမ်ထောင်စုစာနှင့် ကိုဗစ် – ၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၈)စုအတွက် ဆပ်ပြာ (၈) တောင့်၊ လူဦးရေ(၃၃)ဦးအတွက် Mask (၆၆)ခုတို့အား (၂၃-၃-၂၀၂၂) ရက်နေ့ မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#ygn_mar_2022

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events