(၁၈-၃-၂၀၂၂)ရက်နေ့ (၁၃း၂၀)ချိန်တွင် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကြံခင်း(ရေပူ)ကျေးရွာနေထိုင်သော အမျိုးသားတစ်ဦးသည် ကြံစိုက်ခင်းသို့ ကြံကောက်သွားစဉ် မိုင်းနင်းမိ၍ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါဒဏ်ရာရရှိသူအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထောက်ပံ့ငွေ(၅၀၀၀၀ိ/-)အား (၁၈-၃-၂၀၂၂) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#shn_mar_2022
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)