လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသော လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း တစ်ခုဖြစ်စေ ရန်အတွက် အိုးအိမ်များ ပြင်ဆင်မွမ်းမံနိုင်ရန် (၁၀.၃.၂၀၂၂) ရက်နေ့ တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုရှိ နေအိမ်  (၁၀၀) လုံးအတွက်  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ဓနိ စသည့် အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်မျိုးသူ၊ မီးသတ်ဦးစီးမှူး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်တစ်လုံးလျှင် ဓနိ (၁၉၀)ပျစ်၊ ဝါး ၂၀လုံး၊ နှီးအစရှိသည့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ခဲ့ပြီး အိမ်ခြေတစ်လုံးလျှင် တန်ဖိုး (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း နေအိမ်(၁၀၀)လုံးအတွက် တန်ဖိုး (၃၀၀၀၀၀၀/-) ကျပ်တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_sgw
#ayy_mar_2022

Source:  ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events