လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၂) ရက်နေ့၊ (၀၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြေက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ဒီဒုတ်ကွင်းကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀ဝ) ကျပ်အား (၁၀-၃-၂၀၂၂) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_otr
#ygn_mar2022