မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ် (၂) ရပ်ကွက်တွင် (၁၉-၂-၂၀၂၂)ရက်နေ့၊ (၂၀း၂၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး တို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေကျပ် (၄၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ဖို့အိမ်ထောင်စု (၁)စုအတွက် ဆပ်ပြာ (၁)တောင့်၊ လူဦးရေ (၂)ဦးအတွက် Mask (၄)ခုတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူဘေးသင့်ပြည်သူများထံသို့ (၂၄-၂-၂၀၂၀)ရက်နေ့ (၁၅း၃၀)နာရီ အချိန်တွင်သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_fir
#ygn_feb_2022

Source:  ရန်ကုန်‌တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events