လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၂) ရက်နေ့၌ လားရှိုးခရိုင်ဦးစီးမှူးရုံး အနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန တို့ဖြင့် ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများအား ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်မီးသတ်ဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် ငလျင်ဘေးအသိ ပညာပေးဟောပြောခြင်းအား လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း အားလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူလေ့ကျင့်ခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင် ကာကွယ်ရေးအတွက် အဝတ် Mask များ၊ လက်ဆေးဆပ်ပြာဘူး များနှင့် ဆပ်ပြာခဲတို့ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအတွက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#simex_eqk
#shn_feb_2022
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)