မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ မြို့သစ်(ဂ) ရပ်ကွက်၊ ပိတောက်လမ်းတွင် (၁၂-၂-၂၀၂၂) ရက်နေ့၊ (၁၁း၃၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓနိမိုး/ဓနိကာ ကျူးကျော်နေအိမ် (၂၀)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၇၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့်  လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၅၁၂၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂၀)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အိမ်ထောင်စု (၂၀)စုအတွက် ဆပ်ပြာ (၂၀)တောင့်၊ လူဦးရေ (၇၂)ဦးအတွက် Mask (၁၄၄) ခုတို့အား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ (၁၄-၂-၂၀၂၀) ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#ygn_feb_2022

 Source:  ရန်ကုန်‌တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events