(၁၀-၂-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် မြို့နယ်အတွင်း နယ်မြေအေးချမ်းမှုမရှိသဖြင့် ခေတ္တတိမ်းရှောင်နေကြ ရသည့် ကျေးရွာ(၂၃)ရွာမှ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၄၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၆၁၃၂၀၀/-)ကျပ်အား မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ တာဝန်ရှိသူများ နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#sgg_feb2022
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)