လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ဦးကျောင်းတိုက်နှင့် သီတာရုံကျောင်းတိုက်တို့၌ စစ်ဘေးကြောင့် ပြောင်းရွှေ့နေထိုင်ခိုလှုံသူ အိမ်ထောင်စု(၃၃)စု၊ ကျား(၅၈)ဦး၊ မ(၇၃)ဦး၊ စုစုပေါင်း(၁၃၁)ဦး တို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇၅,၁၀ဝ/-)ကျပ်အား (၄-၂-၂၀၂၂) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#mon_feb2022
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)