ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကတည်းက ပေါ်ပေါက်ခဲ့သော ဌာနတစ်ခု ဖြစ်ပါသည်။ ၁၉၄၅ ခုနှစ်တွင် လူမှုရေးရာနှင့် ပြန်လည် ထူထောင်ရေး ညွှန်ကြားဝန်ရုံး ပေါ်ပေါက်ခဲ့ပြီး စစ်ပြေးချေးငွေများ ပြန်လည် ကောက်ခံခြင်းနှင့် ပြန်လည်နေရာ ချထားရေး ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပါသည်။