ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂ စု၌ မြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၀-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၂၇) လုံး၊ အိမ်ထောင်စု (၁၂၇) စုမှ လူဦးရေ (၄၇၀) ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ထောက်ပ့ံငွေ (၉၈၇၀၀၀) နှင့် first Aid kit (၁၀) အိတ်တို့အား (၂၁-၇-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ ဓနုဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေး၊ ဦးအောင်နိုင်ထွန်း၊ မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပ့ံမှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)