ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာများမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

21_pic01
(၁၂-၇-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ၌ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၇) ဦး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၃၅၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၅၃၅၇၀၀) ကျပ်တိတိနှင့်
(၁၆-၇-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၌ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ (၈) လုံး၊ အိမ်ထာင်စု (၈) စု၊ လူဦးရေ (၄၉) ဦး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၁၀၂၉၀၀) ကျပ်၊ အိမ်ထောင်စု (၈) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၉၀၂၉၀၀) ကျပ်တိတိတို့ကို (၂၁-၇-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events