လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်တွင် ဧရာဝတီ မြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၉.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းပြီးဖြစ်သော အိမ်ထောင် စု(၃၆၂)စု၊ လူဦးရေ (၁၃၂၇) ဦးတို့အတွက် ဆန်(၇)ရက်စာဖိုး (၂၇၈၆၇၀၀/)ကို (၂၁.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။
Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)