ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင် မြို့နယ်၊ထန်းပင်ချောင်လေး ကျေးရွာ အုပ်စု ၊ကရင်စုကျေးရွာ တွင် (၁၈-၇-၂၀၁၇)ရက်နေ့ (၁၈း၃၀)ချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်(၂)လုံး ပြိုကျ ပျက်စီးပြီး နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ ၊ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် (၁၉-၇-၂၀၁၇) ရက်နေ့ (၀၄း၁၅) ချိန် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးတို့အတွက် ပြိုကျအိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၂) ပုံး တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃)လုံးအတွက် ကယ်ရေးပစ္စည်း (၇)မျိုးပါ (၃)ပုံး။ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၄၂၀၀၀၀/-)နှင့် လူဦးရေ (၃၁) ဦးအတွက် ဆန်ဘိုးငွေ(၇)ရက်စာ (၆၅၁၀၀) စုစုပေါင်းထောက်ပ့ံငွေ (၄၈၅၁၀၀/-)ကယ်ဆယ်ရေးပစ္စည်း (Family kit) (၂)အိတ် တို့အား (၂၀-၇-၂၀၁၇) ရက်နေ့ တွင် သွား ရောက် ထောက်ပ့ံခဲ့ ကြောင်း သတင်းရရှိပါသည်။Source:သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)