လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်မှတာဝန်ရှိသူများသည် (၂၀-၇-၂၀၁၇) ရက်နေ့့တွင်ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က (၁၃) ကျောင်းသို့သွားရောက်၍ သဘာဝဘေး လျော့ပါးရေး ဆောင်ရန် ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး မိုးကြိုးဘေး၊ မီးဘေး၊ ငလျင်ဘေး တို့ကြုံတွေ့ ရပါက မည်သို့တုံံ့ပြန်ရမည်များကို သရုပ်ပြရှင်းလင်းခဲ့ပြီး လက်တွေ့လုပ်ဆောင် သရုပ်ပြခဲ့ရာစိတ်ပါဝင်စား စွာနားထောင်ခဲ့ကြပြီး တက်ရောက်ကျောင်းသားကျောင်းသူ (၂၈၀)ဦးအား ဗလာစာအုပ်၊ ဘောလ်ပင်၊ လက်ကမ်းစာစောင်၊ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)