သံလွင်မြစ်ရေမြင့်တက်မှုကြောင့် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များမှ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားခဲ့သည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

20_pic01

20_pic02
(၁၉-၇-၂၀၁၇) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ အနိမ့်ပိုင်းရပ်ကွက်များသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေများဝင်ရောက်ခဲ့သဖြင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စု (၄၉) စု လူဦးရေ (၂၄၀) ဦးအား ပြောင်းရွှေ့နေရာချထားခဲ့ပါသည်။ အဆိုပါရေဘေးသင့်အိမ်ထောင်စုများအတွက် ကရင်ပြည်နယ်ဦးစီမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်တို့နှင့်အတူ လိုက်ပါလျက် ဆန်ရိက္ခာ (၇) ရက်စာ ဆန် (၁၇) အိတ် (၁၂)ပြည်၊ ငါးသေတ္တာ (၁၄၇) ဗူးနှင့် ရေသန့် (၇၂၀) ဗူး စုစုပေါင်းတန်ဖိုးငွေကျပ်(၇၂၈၁၀၀) အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events