မကွေးတိုင်းဒေသသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး(စကု)မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ချောက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့၌ (၁၂-၇-၂၀၁၇)ရက်နေ့မှ (၁၇-၇-၂၀၁၇) ရက်နေ့အထိ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုတို့ကြောင့် ရပ်ကွက်/ ကျေးရွာ အချို့သို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ အိိမ်ထောင်စု(၅၅၃၆)စုမှ လူဦးရေ(၂၄၂၁၇)ဦးတို့ကို ရေဘေးလွတ် ကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ခေတ္တပြောင်းရွှေ့နေရာချထားပေး ခဲ့ပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၀,၈၅၅,၇၀၀ိ/-) (ကျပ်ငါးရာ့ ရှစ်သိန်း ငါးသောင်းငါးထောင့်ခုနစ်ရာတိတိ)ကို (၁၇-၇-၂၀၁၇)နေ့နှင့် (၁၈-၇-၂၀၁၇) နေ့များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့သည် ဘေးဖြစ် ဒေသ သို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။