ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အထက်ကဇင်းတောကျေးရွာတို့တွင် (၁၄-၇-၂၀၁၇) ရက်နေ့မှ (၁၆-၇-၂၀၁၇) ရက်နေ့၌ မြစ်ရေမြင့်တက်လာသဖြင့် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၂၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၅၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇) ရက်စာ (၁၈၉,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၂,၆၈၉,၀၀၀) ကျပ်တို့အား (၁၇-၇-၂၀၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာ%