ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်ရှိ နေခြည်လူငယ်ဖွံ့ဖြိုးဂေဟာနှင့် ရပ်ရွာပြည်သူများအတွက် ရေကြီးနစ်မြှုပ်ပါက ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ (၁၇) တောင် အရှည် အင်ဂျင်စက်ပါ ကျွန်းသား စက်လှေ (၁) စီးအား (၁၉-၇-၂၀၁၇) ရက်နေ့တွင် နေခြည်လူငယ်ဖွံ့ဖြိုးရေးဂေဟာမှူး ဦးဒီးဇီထံသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)