ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ရာနေရာသို့ (၁၇-၇-၂၀၁၇) ရက်နေ့ထိ ရွှေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု (၁၉၄) စု၊ လူဦးရေ (၇၄၄) ဦးတို့အတွက် ဆန်(၇)ရက်စာဖိုးငွေ (၁၅၆၂၄၀၀) ကျပ်တိတိကို သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၁၈-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)