မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြို့မ (၁) ရပ်ကွက်နှင့် မြို့မ (၂) ရပ်ကွက်များမှ (၁၀-၇-၂၀၁၇) ရက်နေ့မှ (၁၅-၇-၂၀၁၇) ရက်နေ့ထိ ထပ်တိုးပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁၂၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၂၁) အိမ်ထောင်စာ၊ လူဦးရေ (၅၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၂၈၅၀၀) ကျပ်တိတိအား (၁၈-၇-၂၀၁၇) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)