ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံစားကြရသည့် မြို့နယ်များသို့ ၇-ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပ့ံပေးမှုသတင်း

19_pic02

19_pic03

19_pic01
၁၈-၇-၂၀၁၇ (အင်္ဂါနေ့) တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးလိုက်ပါလျက် သက်ဆိုင်ရာဒေသများရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံစားကြရသည့် မြို့နယ်များသို့ ၇-ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပ့ံပေးခဲ့ရာ ရေစကြိုမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၅၁၄) စုမှ လူဦးရေ (၅၇၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၀၂၆,၇၀၀) ကျပ်အားလည်းကောင်း၊ ပခုက္ကူမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၂၈၇၄) စုမှ လူဦးရေ (၁၁၄၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄,၀၃၆,၆၀၀) ကျပ်အားလည်းကောင်း၊ ချောက်မြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၆၉၄) စုမှ လူဦးရေ (၂၉၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၂၀၇,၆၀၀) ကျပ်အားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၉၂) စုမှ လူဦးရေ (၉၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁,၉၃၈,၃၀၀) ကျပ်နှင့် ပွင့်ဖြူမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု (၂၆၀) စုမှ လူဦးရေ (၁၀၀၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၁၂,၆၀၀) ကျပ်တို့အားလည်းကောင်း (၁၈-၇-၂၀၁၇) ရက်နေ့အတွက် စုစုပေါင်းထောက်ပ့ံငွေမှာ (၄၆,၃၂၁,၈၀၀) ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events