(၁၄-၇-၂၀၁၇) ရက်နေ့၊ (၀၆းဝ၀) နာရီအချိန်တွင် ဖလမ်းမြို့ တလန်လိုရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆) သိန်း၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀) ကျပ် စုစုပေါင်း (၆၂၇၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၁၆-၇-၂၀၁၇) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖလမ်းမြို့ တောင်ဇလပ်ခန်းမသို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)