ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ပမှ ပြန်လည် ဝင်ရောက်လာသော အလုပ်သမားများအတွက် နိုင်ငံအတွင်း အလုပ် အကိုင်အခွင့်အလမ်း ပိုမိုဖော်ဆောင်ရေးဆွေးနွေးမှုသတင်း

18_Pic_02

ရန်ကုန်၊ ၁၇.၇.၂၀၁၇

မသန်စွမ်းသူများအတွက် ၎င်းတို့၏ရပ်တည်မှု၊ စွမ်းဆောင် ရည်မြှင့်တင်မှုနှင့် ပါဝင်ဆောင်ရွက်နိုင်မှုတို့အတွက် နိုင်ငံံတော်က ဥပဒေ၊ နည်းဥပဒေ များနှင့် အမျိုးသားအဆင့်ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိရာ မသန်စွမ်းသူများ တက်ကြွစွာဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့ အစည်းများကိုလည်းပံ့ပိုးကူညီရန် နိုင်ငံတော်က အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Light House Learning Centre For Children with Special Needs တည်ထောင်ဆောင်ရွက်နေသောကျောင်းအုပ် ဒေါ်ရီဝေလင်းနှင့်အဖွဲ့အား ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ လက်ခံတွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဂေဟာ တာဝန်ရှိသူများက ကြုံတွေ့ရသောအခက်အခဲများ၊ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတကာတွင် ခက်ခဲစွာရုန်းကန်၍ သွားရောက် လုပ်ကိုင်နေရာသော နိုင်ငံသားများအတွက် ရေရှည်အလုပ်အကိုင် ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များကို နိုင်ငံတော်အစိုးရက နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာအစိုးရနှင့်အတူ လူမှုအဖွဲ့အစည်းများ၊ ပရဟိတသမားများ၊ ဖောင်ဒေးရှင်းများက ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ဝေဠုကျော်ဖောင်ဒေးရှင်းက တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆန်းသစ်ခေတ်မီသော နည်း များဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်နိုင်ကုန်ထုတ်လုပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

Sign Up

Upcoming Events