ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၁၇) ရက်နေ့တွင် ဒက္ခိဏမြို့နယ်၊ ရွှေခဲအင်း (အ.ထ.က) ခွဲကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၂၈၀) ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောပို့ချခဲ့ပြီး မိုးကြိုးဘေး၊ ငလျင်ဘေးတို့ ကြုံတွေ့ရပါက လုပ်ဆောင်ရမည့်နည်းလမ်းများအား သရုပ်ပြရှင်းလင်းခဲ့ပြီး လက်တွေ့လုပ်ဆောင်သရုပ်ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဗလာစာအုပ်များ၊ ဘောလ်ပင်များ၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာများကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)