ခန္တီးမြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17_pic01 17_pic02
ခန္တီးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ် ဇူလိုင်လရေကြီးမှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေကြရသော ကျေးရွာ (၂၀) မှ အိမ်ထောင်စု (၂၃၄) စုအတွက် အိမ်ထောင်စု (၁) စုလျှင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၀၀၀၀) ကျပ်နှုန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆန် ၅ ပြည်နှုန်း၊ NLD ပါတီမှ ဆန် ၂ ပြည်၊ ခေါက်ဆွဲခြောက် ၂ ထုပ်စီနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၄၆၈၀၀၀) ကျပ်တန်ဖိုးရှိ ဆီ ၅၀ သားနှင့် ဆား ၅၀ သားစီ၊ ကမ်းပါးပြိုကျမည်စိုးရိမ်ရသော ရွှေမြင့်မိုရ်ကျေးရွာရှိ ဦးကြည် ဒေါ်နု၏ နေအိမ် ၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်တိတိတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ခန္တီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ်သူများ လိုက်ပါလျက် (၁၆-၇-၂၀၁၇) ရက်နေ့တွင် မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events