Latest News
-
သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ စိန်ကုန်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၂၅) ရက်နေ့ (၁၄း၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ စိန်ကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့ငွေ (၁၅,၀၀၀/-) နှင့်လူဦးရေ (၂) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅,၀၀၀ိ/-) အား (၁၄-၇-၂၀၂၅)ရက်နေ့ (၁၃:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #mon_jul_2025 Source: သထုံခရိုင်ဦးစီးမှူးရုံး
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် … Read more
-
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၅) ရက်နေ့ (၁၅း၀၀)နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ Talk Show အစီအစဉ်အားပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul_2025 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး
-
ဇေယျာသီရိမြို့နယ်အတွင်း ငလျင်ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁,၄၆၂) အိမ်ထောင်စုအတွက် (၁) အိမ်ထောင်စုလျှင် ထောက် ပံ့ငွေ (၅၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၇၃,၁၀၀,၀၀၀ိ/-)အား ဇေယျာသီရိခရိုင်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #eq #npt_July_2025 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်- ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ Source: … Read more
-
ရေကြီးမှုအခြေအနေသတင်း
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးမှုအခြေအနေသတင်း”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲခန့် … Read more