လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၂၅) ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေအိမ်ပြင်ဆင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများမှတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး တိုက်ကြီးမြို့နယ်အတွင်း ကျေးရွာ (၁၅) ရွာ၊ ရပ်ကွက်တစ်ရပ်ကွက်ရှိ နေအိမ် (၃၀၀)လုံးအတွက် ထောက်ပံ့ငွေ (၁၈၉၀၀၀၀ဝိ/-)ထောက်ပံ့ပေးအပ်ခဲ့ပြီး(၁၁:၃၀)နာရီအချိန်တွင် ကျေးရွာများသို့ကွင်းဆင်း၍ နေအိမ်များပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#ygn_feb_2025
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)