နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအုပ်စု၊ ပြင်စည်ကျေးရွာ လေဘေးအတွက် ထောက်ပံ့မှုသတင်း - သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း - တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း - တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာ၌ မိုးကြိုးဘေး ထောက်ပံ့မှု သတင်း - ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း - ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့တွင် လေဘေးကြောင့်ပျက်စီးခဲ့သော လူနေအိမ် နှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - မြောင်းမြမြို့နယ်၊ မြဟေမာရပ်ကွက်၊ ကွမ်းခြံ (၂) လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

Myanmar Disaster Alert Application အသုံးပြုနည်းလမ်းညွှန်ကြည့်ရှုရန်

Latest News

  • နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအုပ်စု၊ ပြင်စည်ကျေးရွာ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအုပ်စု၊ ပြင်စည်ကျေးရွာ၌ (၁-၅-၂၀၂၄) ရက်နေ့၊ (၁၉:၁၅) နာရီ အချိန်ခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးလူနေအိမ် (၂၀) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၈၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၆,၀၈၉,၀ဝဝ/-)၊ အိမ်ထောင်စု (၁၀၇) စုမှ စုစုပေါင်းဘေးသင့်လူဦးရေ (၄၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more

  • သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄) ရက်နေ့တွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ်နေပါသဖြင့် လတ်တလောသောက်သုံးရေ လိုအပ်မှုရှိနေသည့် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ  ကင်မွန်းခြုံကျေးရွာရှိ လူဦးရေ(၃,၅၅၉)ဦး၊ ဘိုကလေးကျေးရွာရှိ လူဦးရေ(၁,၅၄၇)ဦးတို့  သောက်သုံးရေ(၁,၀၀၀)ဂါလံနှင့် သုံးရေ (၃,၂၀၀) ဂါလံအား ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ygn_may _2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၄) ရက်နေ့တွင် တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ်နေပါသဖြင့် လတ်တလောသောက်သုံးရေ လိုအပ်မှုရှိနေသည့် လူဦးရေ (၈,၂၉၀)ဦး၊ ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ လူဦးရေ(၇,၄၁၈)ဦး၊ ခနောင်တိုအရှေ့ရပ်ကွက်ရှိ လူဦးရေ (၈,၉၄၁)ဦးနှင့် ခနောင်တို အနောက်ရပ်ကွက်ရှိ လူဦးရေ(၃,၇၁၅)ဦးတို့အား  သောက်သုံးရေ (၃၆,၀၀၀) ဂါလံကို ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ygn_may _2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးရင်ဆိုင်နိုင်ရန် ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(မြို့နယ်အဆင့်)အမှတ်စဥ် (၄/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ၂၀၂၄ ခုနှစ်၊ မေလ(၈)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၈-၅-၂၀၂၄) ရက်နေ့မှ (၁၀-၅-၂၀၂၄) ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာ၌ မိုးကြိုးဘေး ထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၅-၅-၂၀၂၄) ရက်နေ့၊ (၁၅:၁၀) နာရီအချိန်ခန့်၌ တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာတွင်  မသော်တာဇင်၊ (၂၅)နှစ်၊(ဘ) ဦးအောင်ဇော်မိုး၊ ရေလုပ်ငန်းလုပ်ကိုင်သူသည် ၎င်း၏ နေအိမ်မြောက်ဘက် ပေ(၁၀၀)ခန့်အကွာရှိ သမှဲ့ပင်အောက်တွင် ငါးဖမ်းပိုက်အားဖာနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါသဖြင့် အဆိုပါမိုးကြိုးပစ်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၁း၅၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစုများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may 2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)